ဆော့ဖ်ဝဲဖန်တီးခြင်း

We also set high standards for our code quality.

MISL ၏ ထူးချွန်သော ပညာရှင်များသည် ဒီဂျစ်တယ်ဆိုင်ရာ လိုအပ်ချက်နှင့်ကိုက်ညီအောင် ဖန်တီးခြင်း မှစ၍ စက်ဝန်းအပြည့် လိုအပ်ချက်နှင့် ကိုက်ညီအောင် ဆော့ဖ်ဝဲဖန်တီးခြင်း ဆိုင်ရာ ဝန်ဆောင်မှု အားလုံးကို ပေးစွမ်းသည်။ ကျွန်ုပ်တို့၏ ဆော့ဖဲဝဲဖန်တီးခြင်း နည်းပညာမျာသည် ကုန်ကျစရိတ် သက်သက်သာသာဖြင့် လူကြီးမင်းတို့စီးပွားရေး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး ယုံကြည်အားထားနိုင်ပါသည်။

ကျွန်ုပ်တို့သည် ကုဒ်အရည်အသွေးကိုလည်း အထူးမြှင့်တင်ထားသည့်အတွက် ကျွန်ုပ်တို့၏ application များသည် ဈေးကွက်ထဲတွင် ထင်ရှားပါသည်။

ကျွန်ုပ်တို့၏ ဆော့ဖဲဝဲ ရေးဆွဲခြင်းဝန်ဆောင်မှုသည် အထူးအားဖြင့် ဝက်ဘ်အခြေခံ ဆော့ဖ်ဝဲများကို ရေးဆွဲသည့် ဝန်ဆောင်မှုဖြစ်သည်။

Software Development

ကျွန်ုပ်တို့၏ အောင်မြင်မှုသည် လူကြီးမင်းတို့၏ အောင်မြင်မှုပင်ဖြစ်သည့်အတွက် လူကြီးမင်းတို့အတွက် ရေးဆွဲထားသည့် application များရေးဆွဲရာတွင် လိုအပ်ချက်များမှတစ်ဆင့် ထုတ်လုပ်မှု၌ အသုံးပြုသည့် အခြေအနေအထိ ဝန်ဆောင်မှုပေးပါသည်။ ကျွန်ုပ်တို့၏ ဆော့ဖ်ဝဲကို အသုံးပြုခြင်းဖြင့် လူကြီးမင်းသည် အောက်ပါတို့ကို ရွေးချယ်လျက်ရှိပါသည်။

  • တိုးတက်မှုအဆင့်ဆင့်ကို သိရှိနိုင်ပြီး application ရေးဆွဲစဉ် သုံးသပ်မှုများကိုပြုလုပ်နိုင်သည့် ပွင့်လင်းမြင်သာမှုရှိပြီး ပန်းတိုင်အခြေခံပြု agile ပုံစံဖြင့်ရေးဆွဲခြင်း။
  • ရှုပ်ထွေးသော ဆော့ဖ်ဝဲလိုအပ်ချက်များကို ရိုးရှင်းသော်လည်း အဘက်ဘက်မှ ပြည့်စုံကောင်းမွန် သည့်ပုံစံအဖြစ် ပြောင်းလဲခြင်း။
  • ကောင်းမွန်သော နည်းပညာများကို အခြေခံသည့် အရည်အသွေး မြင့်မားသော ဆော့ဖ်ဝဲ ရေးဆွဲခြင်း။
  • လုံခြုံပြီးတိုင်းတာနိုင်သော နည်းပညာများဖြင့် စီးပွားရေးလုပ်ငန်းပုံစံအလိုက် လိုအပ်ချက် များနှင့် အသေအချာ ကိုက်ညီမှုရှိစေခြင်း။
  • အသုံးပြုသူများအတွက် ကောင်းမွန်သော တုံ့ပြန်မှုဒီဇိုင်းအသုံးပြုခြင်း။
  • ကုန်ကျစရိတ်သက်သာပြီး ယုံကြည်အားထားနိုင်ခြင်း။
  • လူကြီးမင်းတို့အား ဒီဇိုင်း၊ ရေးဆွဲခြင်းနှင့် စမ်းသပ်ခြင်းများအတွက်သာမက အသုံးပြုရာ၌ ချောမွေ့ စေရန်အတွက် ဖြန့်ဝေမှုများတွင်ပါ အကူအညီပေးခြင်း။
  • ထုတ်လုပ်ပြီးနောက် ထိန်းသိမ်းမှု၊ လုပ်ဆောင်မှုနှင့် စောင့်ကြည့်မှုတို့တွင် အထောက်အပံ့ပေးခြင်း။

သင့်စီးပွားရေး ကြီးသထက်ကြီးစေရန် သင့်တော်သော ဆော့ဖ်ဝဲကိုရေးဆွဲရန် ဆုံးဖြတ်လိုက်ပါ။

  • Tailor-made Software Development
  • ERP System Software Development
  • POS Software Development
  • e-Office System Software Development
  • Online Invoicing System Software Development