Myanmar ICT Solutions Limited သည် ၎င်းသို့ဝင်ရောက်ကြည့်ရှုသူနှင့် ၎င်း၏ဝန်ဆောင်မှုအသုံးပြုသူများ၏ ကိုယ်ရေး ကိုယ်တာအချက်အလက်များအား လေးစားပြီး ကာကွယ်ရန် အလေးအနက်ထား ဆောင်ရွက်ပါသည်။ ဤကိုယ်ရေးကိုယ်တာကာကွယ်ရေးပေါ်လစီသည် https://myanmarictsolutions.pro အတွက်အကျုံးဝင်သည်။ Myanmar ICT Solutions Limited သည် ဤပေါ်လစီတွင် သတ်မှတ်ဖော်ပြ ထားသည်များနှင့် သင်က ကျွန်ုပ်တို့ထံ သဘောတူကာ ပေးပို့ထားသည့် အချက်အလက်များမှအပ ကျွန်ုပ်တို့ ဝက်ဘ်စာမျက်နှာသို့ ဝင်ရောက်ပါက ကိုယ်ရေးကိုယ်တာအရ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရှိနိုင်သည့် မည်သည့်အချက်အလက်ကိုမဆို မစုဆောင်းပါ။ Myanmar ICT Solutions Limited သည် တည်ဆဲဥပဒေများအရ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးသည့် မည်သည့်ပုဂ္ဂိုလ်ကိုမျှ ခွဲခြားခြင်းမရှိပါ။ ဤပေါ်လစီ သည် အသုံးပြုမှုဆိုင်ရာ သဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ဝန်ဆောင်မှုအသုံးပြုသူများသည် Myanmar ICT Solutions Limited ကို စတင်အသုံးပြုရန် စာရင်းသွင်းရာတွင် အမည်၊ နေရပ်လိပ်စာ၊ အီးမေးလ်လိပ်စာ, ဖုန်းနံပါတ်နှင့် (အကြွေးဝယ်ကဒ်နံပါတ်ကဲ့သို့) ငွေပေးချေမှုဆိုင်ရာ အချက် အလက်များကို ပေးရသည်။ ထို့အပြင် domain အမည်မှတ်ပုံတင်ရာတွင် သင့်တော်သော domain မှတ်ပုံတင် လျှောက်လွှာ သို့မဟုတ် မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်သိုလှောင်ရာနေရာများကို လျှောက်ထားရန် အတွက် မှတ်ပုံတင်သူ၏ အချက်အလက်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ နည်းပညာဆိုင်ရာ ဖုန်းနံပါတ် နှင့် domain အမည်၏ ငွေပေးချေမှုဆိုင်ရာ ဖုန်းနံပါတ်များကို ပေးရသည်။ Myanmar ICT Solutions Limited ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများတိုးတက်အောင်ဆောင်ရွက်ရာတွင် အထောက်အကူပြုရန် ဝန်ဆောင်မှု အသုံးပြုသူများသည် လူဦးရေဆိုင်ရာ၊ ထုတ်ကုန်အသုံးပြုမှုနှင့် နှစ်သက်အသုံးပြုမှုဆိုင်ရာ အချက် အလက်များကို ကောက်ခံသည့် အွန်လိုင်းဖောင်များကိုဖြည့်ရသည်။ ထို့ပြင် Myanmar ICT Solutions Limited သည် ဝင်ရောက်သူများနှင့် မှတ်ပုံတင်ထားသည့် ဝန်ဆောင်မှုအသုံးပြုသူများကို စောင့်ကြည့်ရန်နှင့် ကွန်ပျူတာ တစ်ခုနှင့်အခြားတစ်ခု၏ လုပ်ဆောင်မှုများကို ဆက်စပ်ရန် cookies ကဲ့သို့သော နည်းပညာများကို အသုံးပြုသည်။ သင်သည် သင့် browser ကို cookie လက်ခံရရှိချိန်တွင် အချက်ပြစေနိုင်သည်။ သို့မဟုတ် browser အား cookie များအား ရှင်းလင်းရန် သို့မဟုတ် တားဆီးရန် setting တွင် ပြောင်းလဲနိုင်သည်။ Cookie များကို တားဆီးထားပါက Myanmar ICT Solutions Limited ဝက်ဘ်စာမျက်နှာရှိ အရာများအားလုံးကို အသုံးပြုနိုင် မည်မဟုတ်ချေ။ သင်သည့် ဝင်ရောက်ရန် အချက်ပြထားသည့် သို့မဟုတ် မိမိလိုသလို ပြင်ဆင်၍ရသည့် အခြားပြင်ပ ဝက်ဘ်စာမျက်နှာများ သို့ဝင်ရောက်ပါက cookies များအားလက်ခံရန်လိုအပ်သည်။ Cookies များသည် အခြားပြင်ပပုဂ္ဂိုလ်များ အား သင်၏ မည်သူမည်ဝါခွဲခြား၍ရသော အချက်အလက်များကို ရယူ နိုင်မည်မဟုတ်ချေ။
သို့သော် ကြော်ငြာသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများသည်လည်း ၎င်းတို့၏ ကိုယ်ပိုင် cookie များကို အသုံးပြုနိုင်သည်။ Myanmar ICT Solutions Limited သည် ထိုကဲ့သို့သော် cookie အသုံးပြုမှုအပေါ် ကန့်သတ်ချက်မရှိဘဲ ၎င်းတို့မှတစ်ဆင့် အချက်အလက်စုဆောင်းခြင်းများအတွက် တာဝန်မရှိချေ။ ဝန်ဆောင်မှုကို အသုံးပြု ခြင်းအားဖြင့် ရှေ့တွင်ဖော်ပြထားသည့် အချက်အလက်များကောက်ခံမှုကို သဘောတူညီသည်ဟု မှတ်ယူသည်။
Myanmar ICT Solutions Limited ကစုဆောင်းထားသည့် အချက်အလက်များကို အခြားဖော်ပြချက်မရှိပါက Myanmar ICT Solutions Limited မှ အသုံးပြုသော Data Center များပေါ်တွင်ထားရှိသည်။ Myanmar ICT Solutions Limited ၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် သင့်အချက် အလက်များကို Myanmar ICT Solutions Limited မှ အသုံးပြုသော Data Center များပေါ်သို့ ပေးပို့ရန် သဘောတူသည်ဟု မှတ်ယူသည်။
Myanmar ICT Solutions Limited သည် ဤပေါ်လစီတွင် အခြားဖော်ပြထားခြင်းမရှိပါက သင့်ကိုယ်ရေးကိုယ်တာ အချက် အလက်များကို ပြင်ပ အခြား အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များထံ ရောင်းချခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် လဲလှယ်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ပါ။
Myanmar ICT Solutions Limited ၏ ဝက်ဘက်စာမျက်နှာသို့ ဝင်ရောက်လိုသူများသည် မည်သူမည်ဝါခွဲ့ခြားသိရှိုနိုင်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖော်ပြစရာမလိုဘဲ ဝင်ရောက်နိုင်အောင် ဖွဲ့စည်းထားသည်။ Myanmar ICT Solutions Limited သည် ၎င်းက စုဆောင်းထားသည့် အချက်အလက်များကို ကွန်ရက်ဝေမျှသည့် ဖြေရှင်းချက် များနှင့် အခြားဝန်ဆောင်မှုများအတွက် ငွေပေးချေမှုနှင့် ငွေကောက်ခံမှုများကို ပြုလုပ်ရန်အသုံးပြုသည်။
ဝန်ဆောင်မှုအသုံးပြုသူများထံမှ ကောက်ခံစုဆောင်းထားသည့် သတင်းအချက်အလက်များသည် ဝန်ဆောင်မှု အသုံးပြုသူများ၏ အကောင့်များကို စီမံခန့်ခွဲရန် (ဥပမာ - ငွေတောင်းခံလွှာပေးပို့ခြင်း နှင့် အကောင့်စီမံခန့်ခွဲခြင်း) အတွက်နှင့် ဝန်ဆောင်မှုအသုံးပြုသူများ စိတ်ဝင်စားနိုင်မည်ဟု Myanmar ICT Solutions Limited ကယူဆသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ကြော်ငြာရန် ဖြစ်သည်။ Myanmar ICT Solutions Limited သည် ဝန်ဆောင်မှု အသုံးပြုသူများက ပေးထားသည့် သတင်းအချက်အလက်များမှ မည်သူမည်ဝါခွဲခြားမသိနိုင်သည့် ၊ ပေါင်းစု ထားသည့် လေ့လာချက်များကိုလည်း ပြုစုနိုင်သည်။ Myanmar ICT Solutions Limited သည် Myanmar ICT Solutions Limited တွင် ဖော်ပြမည့် ကြော်ငြာများနှင့် ၎င်း၏ဝန်ဆောင်မှုများကို ကြော်ငြာရန်အတွက် ၎င်းလေ့လာချက်များ ကိုအသုံးပြုနိင်သည်။ ထိုကဲ့သို့သော Myanmar ICT Solutions Limited က ကောက်ခံစုဆောင်းထားသည့် မည်သူ မည်ဝါခွဲခြားမသိ နိုင်သည့်၊ ပေါင်းစုထားသည့် သတင်းအချက်အလက်များ၊ ထိုသတင်းအချက် အလက်များကို စိတ်ဖြာလေ့လာမှုများသည် Myanmar ICT Solutions Limited ကပိုင်ဆိုင်သည့် သတင်းအချက်အလက်များဖြစ်သည်။
Myanmar ICT Solutions Limited သည်၎င်း၏ဝက်ဘ်စာမျက်နှာ ခွဲခြမ်းစိတ်ဖြာမှုများ (ဥပမာ - အသုံးပြုသူ၏ IP လိပ်စာ များ) မှ ရရှိလားသည့် သတင်းအချက်အလက်များကို Myanmar ICT Solutions Limited ဆာဗာများ၏ ပြဿနာများကို ရှာဖွေရန် နှင့် Myanmar ICT Solutions Limited ဝက်ဘ်စာမျက်နှာကို စီမံကာ အကောင်းဆုံးဖြစ်စေရန် အသုံးပြုသည်။ Myanmar ICT Solutions Limited က စုဆောင်းထားသည့် စာရင်းအချက်အလက်များကို Myanmar ICT Solutions Limited ကပိုင်ဆိုင်သည်။
ဝန်ဆောင်မှုအသုံးပြုသူများက Myanmar ICT Solutions Limited ထံ အီးမေးလ်ပေးပို့မေးမြန်းမှုများနှင့်/သို့မဟုတ် ပံ့ပိုးမှု များကို တောင်းခံလာပါက ထိုမေးမြန်းမှု/တောင်းခံမှုများကို တုံ့ပြန်ရန်အတွက် ပေးပို့လာသည့် အီးမေးလ် (နှင့် မေးမြန်းမှု/တောင်းခံမှု များတွင်ဖော်ပြထားသည့် သတင်းအချက်အလက်များ) ကို အသုံးပြုမည်ဖြစ်သည်။
Myanmar ICT Solutions Limited သည် ဝန်ဆောင်မှုအသုံးပြုသူစစ်တမ်းများတွင် ဖော်ြပထားသည့် ဆက်သွယ်ရန် လိပ်စာ များမှတစ်ဆင့် စစ်တမ်းအဖြေများကို ကောက်ခံမည်ဖြစ်သည်။ Myanmar ICT Solutions Limited သည် သင့် အကြံပြု ချက်အရ ပြုလုပ်လိုက်သည့် ပြောင်းလဲမှုများကို သိရှိစေရန်လည်း သင့်ကို ဆက်သွယ်နိုင်သည်။
Myanmar ICT Solutions Limited နှင့် အကျိုုးတူပူးပေါင်းလုပ်ကိုင်သည့် သို့မဟုတ် Myanmar ICT Solutions Limited ကိုယ်စား လုပ်ငန်း လုပ်ကိုင်သည်နှင့် သတ်မှတ်ထားသောလျှို့ဝှက်ထိန်းသိမ်းခြင်းဆိုင်ရာ သဘောတူညီချက်ကို လက်ခံထားသည့် ယုံကြည်ရသော စီးပွားရေးမိတ်ဆွေများမှအပ Myanmar ICT Solutions Limited သည် မည်သည့် ပြင်ပ အခြား ပုဂ္ဂိုလ်ကို မဆို သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကိုပေးခြင်း သို့မဟုတ် ရောင်းချခြင်းများကို ပြုလုပ်မည် မဟုတ်ဘဲ အောက်ပါအတိုင်း ဝန်ဆောင်မှုအသုံးပြုသူများ အားလုံး၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ကို လျှို့ဝှက်ထိန်းသိမ်းထားမည်ဖြစ်သည်။
Myanmar ICT Solutions Limited သည် ကြော်ငြာသူများအား အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ မည်သူမည်ဝါ ခွဲခြားသိရှိနိုင်သည့် အချက်အလက်များကို မဝေမျှပါ။ Myanmar ICT Solutions Limited သည် အွန်လိုင်း ကြော်ငြာများထားရှိခြင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် သို့မဟုတ် အွန်လိုင်းစစ်တမ်းများမှ စုဆောင်ထားသည့် စုပေါင်းထားသည့်၊ မည်သူမည်ဝါမခွဲခြားနိုင်သည့် အချက်အလက်များအား ဝေမျှခြင်း၊ အချို့ကြော်ငြာ ထည့်သွင်းသူများဖြင့် ကြော်ငြာခြင်းများကို ပြုလုပ်နိုင်သည်။ ဤ စုပေါင်းထားသည့်၊ မည်သူမည်ဝါ မခွဲခြားနိုင်သည့် အချက်အလက်များကို အသုံးပြုသူများနှင့် ကိုက်ညီသည့် ကြော်ငြာများဖော်ပြရန် အသုံး ပြုနိုင်သည်။
Myanmar ICT Solutions Limited သည် ဝန်ဆောင်မှုအသုံးပြုသူစစ်တမ်းများမှ ကောက်ခံစုဆောင်းထားသည့်၊ စုပေါင်းထား သည့် ၊ မည်သူမည်ဝါမခွဲခြားနိုင်သည့် အချက်အလက်များကို အခြားပြင်ပပုဂ္ဂိုလ်များနှင့် ဝေမျှနိုင်သည်။
Myanmar ICT Solutions Limited သည် ဥပဒေအရ လိုအပ်သည်ဟု မိမိတို့ဆုံးဖြတ်ချက်အရ မှတ်ယူပါက ဝန်ဆောင်မှု အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူခြင်း၊ ထိန်းသိမ်းခြင်းနှင့် အခြားကုမ္ပဏီ၊ အဖွဲ့အစည်း၊ အစိုးအရအဖွဲ့အစည်းများ သို့မဟုတ် Myanmar ICT Solutions Limited ပြင်ပရှိ ပုဂ္ဂိုလ်များနှင့် ဝေမျှနိုင်သည်။ ၎င်းတို့တွင် တရားရုံးမှ ဆင့်ခေါ်စာ၊ အမိန့်ပေးစာ သို့မဟုတ် အခြား ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များ စသည်တို့ပါဝင်သည်။ Myanmar ICT Solutions Limited သည် Myanmar ICT Solutions Limited ၏ ဥပဒေဆိုင်ရာ အခွင့်အရေးကို တည်ဆောက်ရန် သို့မဟုတ် ကျင့်သုံးရန်၊ သို့မဟုတ် ခြိမ်းခြောက်သည့် တောင်းဆိုချက်များမှ ခုခံရန်၊ လိမ်လည်မှု သို့မဟုတ် အခြားတရားမဝင် လုပ်ဆောင်မှုများနှင့်စပ်လျဉ်းကာ စုံစမ်းစစ်ဆေးရန်၊ ကာကွယ်ရန် သို့မဟုတ် အရေးယူရန်၊ မည်သူ့ကိုမဆို သေကြေစေခြင်း သို့မဟုတ် ကြီးမားသော ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများမဖြစ်အောင် ကာကွယ်ရန်၊ Myanmar ICT Solutions Limited ၏ အသုံးပြုခြင်းဆိုင်ရာ သဘာတူညီချက်ကို ဖောက်ဖျက်ခြင်းများကို စစ်ဆေးရန် ဝန်ဆောင်မှုအသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူ၊ ထိန်းသိမ်း၊ ဝေမျှနိုင်သည်။
တရားဥပဒေအရ သို့မဟုတ် သတ်မှတ်အမည်နှင့်ဂဏန်းများအတွက် အင်တာနက်အဖွဲ့အစည်း၏ စည်းမျဉ်းအရ (Internet Corporation for Assigned Names and Numbers, ICANN) သို့မဟုတ် အချို့ မှတ်ပုံတင် ဌာနများကြောင့် domain အမည်မှတ်ပုံတင်ခြင်းအတွက် အချက်အလက်များကို “WHOIS” တွင် လူအများ ရှာဖွေကြည်ရှုနိုင်ရန် ဖော်ပြထားရသည်။ WHOIS သည် domain အမည်၊ domain ကညွှန်းဆိုနေသည့် ဆာဗာ အမည် နှင့် domain အမည်ဖန်တီးခြင်းနှင့် သက်တမ်းကုန် ရက်စွဲများကို ဖော်ပြထားသည့် domain အမည် မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို အများက ဝင်ရောက်ကြည်ရှိုနိုင်သည့် အချက်အလက်များ သိုမှီးရာနေရာြဖစ်သည်။ Myanmar ICT Solutions Limited သည် ICANN လိုအပ်ချက်များအရ သင့် domain မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို တခြားပြင်ပ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသူအား အသိ ပေးနိုင်သည်။ တစ်ခါတစ်ရံတွင် အခြား ကုမ္ပဏီများ သို့မဟုတ် လူပုဂ္ဂိုလ်များက အများသိရှိနိုင်ရန် ဖော်ပြ ထားသည့် နေရာတွင်ရှာဖွေခြင်းများကြောင့် ဝန်ဆောင်မှုအသုံးပြုသူများသည် မေးခွန်းများကို လက်ခံ ရရှိ နိုင်သည်။ ထိုမေးခွန်းများ သို့မဟုတ် နှောင့်ယှက်မှုမျာသည် Myanmar ICT Solutions Limited ထံမှ ရရှိခြင်းမဟုတ်ဘဲ Myanmar ICT Solutions Limited သည် WHOIS ရှိအချက်အလက်များကို ပြင်ပအခြားသူများက အသုံးပြုခြင်းကို မထိန်းချုပ်ပါ။
Myanmar ICT Solutions Limited သည် ကျွန်ုပ်တို့၏ ထိန်းချုပ်မှုအောက်တွင် သတင်းအချက်အလက်များ ဆုံးရှုံးမှု၊ အလွဲသုံးစားပြုလုပ်မှုနှင့် ပြင်ဆင်မှုများကိုကာကွယ်ရန် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်မှုများစွာကို လုပ်ဆောင် လျှက်ရှိသည်။ Myanmar ICT Solutions Limited သည် သင့်အချက်အလက်များကို Secure Socket Layer (SSL) မလိုလား အပ်သော အချက်အလက်များရယူမှုကို ကာကွယ်သည့် နည်းပညာ၊ ဈေးကွက်တွင်းရှိ စံနှုန်းများကို အသုံးပြုကာ ကာကွယ်ထားပါသည်။ ၎င်းနည်းပညာကို အချက်အလက် များကို စီစဉ်ပေးပြီး ဝန်ဆောင်မှုအသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ တိကျကာ လုံခြုံစေရာတွင် ကူညီရန် ဖန်တီးထားသည်။ မလိုလား အပ်သည့် အချက်အလက်များကို ချိုးဖောက် ရယူမသည့် အခြေအနေများတွင် Myanmar ICT Solutions Limited သည် သင့်လျော်သည့် စည်းကမ်းထိန်းသိမ်းသူ များ နှင့်/သို့မဟုတ် ဥပဒေဆိုင်ရာ အာဏာပိုင်များနှင့်အတူ သက် ရောက်မှုများရှိသည့် ဝန်ဆောင်မှုရယူသူများ၊ ပုဂ္ဂိုလ်များထံ (၇၂) နာရီအတွင်း အကြောင်းကြားမည် ဖြစ်သည်။
ဥရောပသမ္မဂ အထွေထွေ သတင်းအချက်အလက် ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းများ (GDPR) အကျုံးဝင် သည့်နေရာများတွင် အချက်အလက်များကို အသုံးပြုရန် သဘောတူညီထားသည့် အချို့အခြေအနေများတွင် Myanmar ICT Solutions Limited တွင်ရှိသည့် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ဆက်စပ်ကာ အခွင့်အရေး များရှိသည်။ ထိုအခွင့်အရေးများနှင့် ဥရောပရှိ ဝန်ဆောင်မှုအသုံးပြုသူများကထိုအခွင့်အရေးများကို မည်ကဲ့သို့အသုံးပြုနိုင်ကြောင်း ဖော်ပြချက်ကို အောက်တွင်ဆက်လက်ဖတ်ရှုနိုင်သည်။ ထိုအခွင့်အရေးများကို ကျင့်သုံးလိုပါက Myanmar ICT Solutions Limited ကို အကောင့်မန်နေဂျာ သို့မဟုတ် [email protected] သို့မဟုတ် ဖုန်းနံပါတ် (+95) 9 785101660 မှတစ်ဆင့်ဆက်သွယ်ပါ။
Myanmar ICT Solutions Limited သည် ကလေးသူငယ်များထံ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို မရောင်းပါ။ ဝန်ဆောင်မှုအသုံးပြုသူများသည် အနည်းဆုံး အသက် ၁၈ နှစ်ရှိရမည်ဖြစ်သည်။ အသက် ၁၈ နှစ်အောက် ကလေးများကို ဝန်ဆောင်မှုအသုံးပြုသူအဖြစ်လက်ခံရန် ထိုကလေးကိုယ်စား အသုံးပြုမှုဆိုင်ရာ သဘောတူညီမှု ကို လက်ခံသဘောတူသည့် မိဘ သို့မဟုတ် အုပ်ထိန်းသူရှိရန် လိုအပ်သည်။ သင်သည် အသက် ၁၈ နှစ်အောက် ကလေးဖြစ်ပါက ကျွန်ုပ်တို့၏ ဝက်ဘ်စာမျက်နှာကို သင့်မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ လမ်းညွှန်မှုဖြင့် အသုံးပြု ရန် တိုက်တွန်းပါသည်။
Myanmar ICT Solutions Limited သည် ပေါ်လစီ၌ ပြင်ဆင်ချက်များကို ကျွန်ုပ်တို့၏ ဝက်ဘ်စာမျက်နှာပေါ်တွင် ပြောင်းလဲ ကြေညာခြင်းဖြင့် ဤပေါ်လစီကို အမည်သည့်အချိန်တွင်မဆို၊ မည်သည့်ပုံစံနှင့်မဆို ပြောင်းလဲ၊ ပြင်ဆင်၊ ဖြည့် စွက်ပိုင်ခွင့်ရှိသည်။ ဤပေါ်လစီတွင် ပြောင်းလဲမှုများရှိနိုင်သည့်အတွက် ကျွန်ုပ်တို့၏ ဝက်ဘ်စာမျက်နှာကို မကြာ မကြာ ဝင်ရောက်ဖတ်ရှုပါရန် တိုက်တွန်းလိုပါသည်။ ပေါ်လစီပြောင်းလဲမှုများကို ပြုလုပ်ပြီးနောက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုခြင်းသည် ထိုပြောင်းလဲမှုများကို လက်ခံသဘောတူသည်ဟု မှတ်ယူ ပါသည်။ အသုံးပြုလျှက်ရှိသည့် အကျုံးဝင်သည့် ပေါ်လစီကို ဤဝက်ဘ်စာမျက်နှာတွင်ရယူဖတ်ရှုနိုင်ပါသည်။
ဤပေါ်လစီနှင့်ပတ်သက်ကာ မေးခွန်းများမေးမြန်းလိုပါက [email protected] သို့ email ပေးပို့ ကာ ဆက်သွယ်မေးမြန်းနိုင်ပါသည်။