IoT ပေါ်ပေါက်လာခြင်းသည် နည်းပညာဆိုင်ရာ လုပ်ဆောင်မှုများကို များစွာပြောင်းလဲစေခဲ့သည်။ IoT နည်းပညာနှင့်အတူ လူတစ်ဦးနှင့်တစ်ဦးကြား ချိတ်ဆက်မှုရှိခြင်းနှင့် ဆက်သွယ်ရေး အယူအဆများနှင့် ရည်မှန်းချက်များသည် ပြောင်းလဲခဲ့သည်။ စီးပွားရေးလုပ်ငန်းများသည် IoT ကိုအသုံးပြုကာ အီလက်ထရောနစ် application ကိုအသုံးပြုသည့် ခေတ်ရေစီးကြောင်းထဲသို့ အလျှင်အမြန် ဝင်ရောက် လျက်ရှိသည်။ IoT သည် အင်တာနက်နှင့်ချိတ်ဆက်ထားသည့် ရုပ်ဝတ္တုများသို့မဟုတ် အရာများ ကွန်ရက် ဖြစ်သည်။ ထိုရုပ်ဝတ္တုများသည် မိုဘိုင်းဖုန်း၊ အဝတ်လျှော်ကစက်၊ ကား၊ နားကြပ်၊ မီးအိမ်၊ အိမ်သုံးပစ္စည်းများ၊ ဝတ်ဆင်အသုံးပြုနိုင်သည့် ပစ္စည်းများ စသည်တို့နှင့် လူသားများပင် ဖြစ်နိုင်သည်။ IoT ၏ အဓိက နည်းလမ်းမှာ အရာဝတ္တုများကို တစ်ခုနှင့်တစ်ခု ဆက်သွယ်ချိတ်ဆက်ကာ အချက်အလက်များ အပေးအယူ ပြုလုပ်စေခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ဆက်သွယ် လုပ်ဆောင်မှုများသည် လူသားနှင့် လူသားကြား၊ လူသားနှင့် အရာဝတ္တုကြား သို့မဟုတ် အရာဝတ္တုနှင့် အရာဝတ္တုကြားတွင် ဖြစ်ပေါ်နိုင်သည်။
ကျွန်ုပ်တို့သည် မြန်မာအခြေစိုက် IoT application ဖန်တီးသည့် ကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် IoT ရောဂျက်တစ်ခုအတွက် ပစ္စည်းနှစ်ခုကြားရှိ IoT အချက်အလက် ကြားခံများကို အသုံးပြုကာ IoT စနစ်ထည့်သွင်းစားသည့် ပစ္စည်းနှင့် ပေါင်းကူးစနစ်ကြား အပြန်အလှန် ဆက်သွယ်အသုံးပြုနိုင်ရန် ဖန်တီးပေးသည်။ စီးပွားရေးလုပ်ငန်းများသည့် ကျွန်ုပ်တို့၏ IoT ဝန်ဆောင်မှုများ နှင့် နည်းပညာများကို အသုံးပြုကာ ၎င်းတို့၏ လုပ်ဆောင်မှုဆိုင်ရာ ထိရောက်မြန်ဆန်မှုကို တိုးတက်စေ နိုင်ပြီး အသုံးပြုသူများ၏ အတွေ့အကြုံများကို ပိုမိုကောင်းမွန်စေကာ လူသားများ၊ လုပ်ငန်းစဉ်များနှင့် သတင်းအချက်အလက်များကို ဆက်သွယ်ပေးခြင်းဖြင့် ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းကို ဖန်တီးတိုင်သည်။ ကျွန်ုပ်တို့၏ IoT ဝန်ဆောင်မှုတွင် IoT application ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ နေရာချထားအသုံးပြုခြင်း၊ အထောက်အပံ့ပေးခြင်း (စီမံခန့်ခွဲထားသည့် IoT) နှင့် IoT တိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်မှုများ ပါဝင်သည်။
What services you can offer!