လူကြီးမင်းတို့၏ စီးပွားရေးပိုမိုအားကောင်းရန်၊ ပိုမိုဒီဂျစ်တယ်အသွင်ဆောင်ရန်၊ ပိုမိုလုံခြုံမှုရှိစေရန်၊ ပိုမိုထိရောက်မှု ရှိစေရန်နှင့် အနာဂတ်ပြောင်းလဲမှုများအတွက် ပြင်ဆင်ထားရှိရန် ကျွန်ုပ်တို့မှ ကူညီပါရစေ။ Myanmar ICT Solutions Limited သည် လက်ရှိတွင် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ၁၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးနေသည့် မြန်မာ့ဈေးကွက်တွင် ဦးဆောင်လျှက်ရှိသည့် တီထွင်ဆန်းသစ်သော ဒီဂျစ်တယ် ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့သည် လွန်ခဲသော ၉ နှစ်အတွင်း ဝက်ဘ်ဆိုဒ် ဖန်တီးခြင်း၊ ဆော့ဖ်ဝဲ ရေးသားခြင်း၊ CCTV နှင့် ဝင်ရောက်ခွင့်များ ထိန်းချုပ်ခြင်း၊ ဆာဗာနှင့်ကွန်ယက် ဝန်ဆောင်မှုပေးခြင်း ကဲ့သို့သော ဝန်ဆောင်မှုများကို စီပွားရေးလုပ်ငန်းပေါင်း ၁၀၀၀ ကျော်ကို အောင်မြင်စွာ ပေးစွမ်းနိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင် ၃၀ ကျော်သည် ပိုမိုကောင်းမွန်သော ဒီဂျစ်တယ် ဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အစဉ်ကြိုးစားလျက်ရှိပါသည်။ Myanmar ICT Solutions Limited ကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ လွန်ခဲ့သော ၉ နှစ်သည် ကျွန်ုပ်တို့ အတွက် အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းသော ခရီးတစ်ခုဖြစ်ခဲ့ပြီး အနာဂတ်တွင် ပိုမိုဆန်းသစ်ကောင်းမွန်သော နည်းပညာ များကို ဖန်တီးကာ လူကြီးမင်းတို့နှင့်အတူ ဝေမျှလိုပါသည်။
At MISL, we understand the power of technology in driving business growth and enabling success. With our expertise and commitment to excellence, we strive to deliver exceptional ICT services tailored to your unique needs. Whether you are seeking website development, software solutions, server and networking services, or CCTV installation, our team of professionals is ready to provide innovative and reliable solutions that exceed your expectations.
As technology evolves at a rapid pace, we stay ahead of the curve by continuously embracing new trends and emerging technologies. We value our clients as partners and are committed to building long-term relationships based on trust, transparency, and mutual success. Your satisfaction is our ultimate reward, and we are dedicated to going the extra mile to ensure your complete satisfaction.
Thank you for choosing MISL as your ICT solutions provider. We look forward to serving you with excellence and helping you unlock the full potential of technology for your business.
ယနေ့ဒီဂျစ်တယ်စီးပွားရေးခေတ်တွင် လူကြီးမင်း၏ စီးပွားရေးသည် ဒီဂျစ်တယ်ခြေရာမရှိသေးပါက လူကြီးမင်း၏ စီးပွားရေးပြိုင်ဘက်များကြားတွင် ထင်ပေါ်ပြီး စားသုံးသူများကြားတွင် ကောင်းမွန်သော ပုံရိပ်ကို ဖန်တီးရန် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်ဒီဇိုင်းနှင့် ဖန်တီးမှုဝန်ဆောင်မှုများကို အသုံးပြုကြည့်ပါ။ MISL သည် မြန်မာနိုင်ငံရှိ ယုံကြည်အားထားရသော ဝက်ဘက်ဆိုဒ် ဖန်တီးသည့် ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
MISL ၏ ထူးချွန်သော ပညာရှင်များသည် ဒီဂျစ်တယ်ဆိုင်ရာ လိုအပ်ချက်နှင့်ကိုက်ညီအောင် ဖန်တီးခြင်း မှစ၍ စက်ဝန်းအပြည့် လိုအပ်ချက်နှင့် ကိုက်ညီအောင် ဆော့ဖ်ဝဲဖန်တီးခြင်း ဆိုင်ရာ ဝန်ဆောင်မှု အားလုံးကို ပေးစွမ်းသည်။ ကျွန်ုပ်တို့၏ ဆော့ဖဲဝဲဖန်တီးခြင်း နည်းပညာမျာသည် ကုန်ကျစရိတ် သက်သက်သာသာဖြင့် လူကြီးမင်းတို့စီးပွားရေး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး ယုံကြည်အားထားနိုင်ပါသည်။
အီလက်ထရောနစ် စီးပွားရေးသည် သင့်စိးပွားရေးကို ကြော်ငြာခြင်း၊ အိမ်တိုင်ရာရောက်ပေးပို့ချိန်တွင် ငွေပေးချေခြင်းမှ ဝက်ဘ် ဈေးဆိုင်တည်ဆောက်ခြင်းအထိ အကန့်အသတ်မရှိသောဝန်ဆောင်မှုများကို ပေးစွမ်းပါသည်။ အီလက်ထရောနစ်စီးပွားရေး ဝက်ဘ်ဆိုဒ်တစ်ခုရှိခြင်းသည် ကမ္ဘာကြီးတစ်ခုလုံး လူကြီးမင်းတို့၏ လက်ထဲတွင် ရှိနေခြင်းဖြစ်သည်။
MISL သည် နေအိမ်နှင့် စီးပွားရေးလုပ်ငန်းများအတွက် အရည်အသွေးမြင့် CCTV နှင့် တပ်ဆင်ခြင်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ လုပ်ငန်းအတွေ့အကြုံ ၈ နှစ်ရှိသည့် ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ သည် ၂၄ နာရီအတွင်း လျှင်မြန်သော ဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။
MISL သည် လူကြီးမင်းတို့၏ ကွန်ယက်ရှိ ဆာဗာများအားလုံးကို စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်းခြင်းနှင့် စောင့်ကြည်ခြင်းတို့ကို ပြုလုပ်နိုင်သည့် ကျွမ်းကျင်ဝန်ဆောင်မှုကို ပေးပါသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်သော ကွန်ယက်စီမံခန့်ခွဲသူများသည် လျှင်မြန်ပြီး ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများကို ပေးနိုင်သည့် အရည်အသွေးမြင့် နည်းပညာများကို တည်ဆောက်နိုင်ပါသည်။
ကျွန်ုပ်တို့သည် သင်၏စီးပွားရေးလုပ်ငန်းအတွက် ICT လိုအပ်ချက်များ နှင့် အခြားသောလိုအပ်ချက်များကို လေ့လာပြီးနောက် ပထမအဆင့်အနေဖြင့် proposal တင်သွင်းပါသည်။
သင်၏စီးပွားရေးလုပ်ငန်း နှင့် ကိုက်ညီသော ဝန်ဆောင်မှုများအတွက် ကျွန်ုပ်တို့တင်သွင်းထားသော proposal နှင့် quotation များကိုရွေးချယ်ပြီးသောအခါ ဒုတိယအဆင့်အနေဖြင့် စာချုပ်ချုပ်ဆိုခြင်းကို ပြုလုပ်ပါသည်။
တတိယအဆင့်အနေဖြင့် သင့်၏စီးပွားရေးအတွက် လိုအပ်သော ICT နည်းပညာ ဝန်ဆောင်မှုများကို ရေးဆွဲပေးခြင်း ၊ တည်ဆောက်ပေးခြင်း နှင့် တပ်ဆင်ပေးခြင်း လုပ်ငန်းများကို လုပ်ကိုင်ပေးပါသည်။
သင့်စီးပွားရေးလုပ်ငန်း နှင့် ပက်သတ်သော project တစ်ခု ပြီးဆုံးပါက ကျွန်ုပ်တို့ဘက်မှ သင့်၏ project နှင့်ပက်သတ်သော အချက်အလက်များကို လွဲပြောင်းပေးခြင်း ၊ အချက်အလက်များကို ပြင်ဆင်နိုင်ရန် training များ ပေးခြင်းကို ပြုလုပ်ပေးပါသည်။